<Unicode>
အင်ဂျင် Heat တက်ချင်းနှင့် ရေပြန်ဘူးထဲသို့ရေပြန်ကန်ချင်းပြသနာ
မောင်းနေရင်းနဲ့ အင်ဂျင် Heat တက်လာပြီး ရေပြန်ဘူးထဲကိုရေတွေပြန်ကန်တက်လာသလို
Radiator Fan လည်း လည်မယ်
Ect ဆင်ဆာကနေ Over heat မီးလင်းလာပါတယ်
အင်ဂျင် Heat တက်ပြီဆို ပထမဦးဆုံးရန်ရှာတက်တာက
သာမိုစတက်ရဲ့ စပရိမ်သေသွားတက်တဲ့သဘောပါ
သာမိုစတက်ကိုဖြုတ်ကြည့်ပြီးမောင်းတယ်
အင်ဂျင်ပူလာရင် တဲ့အချိန်မှာ ရေလည်အုံပန့်ရဲ့တွန်းအားနဲ့အတူ
ရေတိုင်ကီအဖုံးမှာပါတဲ့ Vacuum Valve ထိပ်မှတဆင့် ရေပြန်ဘူးထဲကိုရေတွေပြန်ထွက်လာပြန်တယ် အဆင်မပြေပြန်ဘူး
နောက်ဆုံးမှာ အပြစ်က Gasket. မှာပါတဲ့ ရေလိုင်းလေးတွေကြောင့်ဆိုတာတွေ့ရတယ်။
Gasket လဲလိုက်တယ် အဆင်ပြေသွားပါပြီ
Inline Four အင်ဂျင်တွေမှာ
ရေလမ်းကြောင်းပြသနာဖြစ်ပြီဆိုရင်
ပထမဦးဆုံး ရေတိုင်ကီကိုစစ်ပေးပါ
သက်တမ်းကြာလာတဲ့ ဆိုင်ကယ်အများစုနှင့်
Coolant ထည့်မသုံးတဲ့ရေတိုင်ကီတွေမှာ ရေဂျိုးတွေအများစုရှိနေတက်ပါတယ်။
နောက်တစ်ချက် သာမိုစတက်လို့ခေါ်တဲ့ ရေပူရေအေးလဲပေးတဲ့ပစ္စည်းတစ်ခုပါ
မသိသာပေမယ့် ကောင်းကောင်းကြီး ဒုက္ခပေးတက်ပါတယ်။
သူလည်း အတူတူပါပဲ သက်တမ်းကြာမြင့်လာတာနဲ့အမျှ
စပရိန်ကန်အားကျဆင်းလာတက်ပြီး အင်ဂျင်ထဲမှာရှိတဲ့ရေနဲ့ တိုင်ကီထဲကရေကိုလဲလှယ်မပေးနိုင်တော့ပဲ Heat တက်တဲ့ပြသနာဖြစ်စေနိုင်ပါတယ်။ဆိုးဆိုးဝါးဝါးအနေနဲ့ဆိုရင် ဟတ်မျက်နှာတွေ တွန့်လိမ်ချင်း ဟက်ကွဲထွက်ခြင်းတွေ ဖြစ်တက်ပါတယ်။
နောက်တစ်ခုကတော့ ရေလည်အုံပန့်ပါ
ရေဒလက်တွေပျက်စီးလာတဲ့အခါမှာလည်း ရေစီးဆင်းမှု နှေးကွေးသွားပြီး Heat တက်တဲ့ပြသနာတွေဖြစ်ပေါ်တက်ပါတယ်။
ရေလည်အုံပန့်ကိုလည်း စစ်ဆေးပေးရပါမယ်။ သေးသေးလေးပါဆိုပြီး ပေါ့ပေါ့လေးတွေရင် သေးသေးလေးတွေကပေးတဲ့ ဒုက္ခကိုကောင်းကောင်းကြီးခံရပါလိမ့်မယ်။ 😁
နောက်ဆုံးတစ်ခုအနေနဲ့ကတော့
အင်ဂျင် ဟတ် Gasket ပါ ဖြစ်နိုင်ရင်
သုံးပြီးသား Gasket တွေကိုပြန်မသုံးပါနဲ့ ရေလမ်းကြောင်းတစ်ဝိုက်မှာရှိတဲ့နေရာလေးတွေက အဖြုတ်တပ်လုပ်တာ များရင်ပြန်သုံးလို့အဆင်မပြေပါ။
ပြစ်ချက်အနေနဲ့ကတော့ အင်ဂျင်ပူလာရင် ရေပြန်ဗူးထဲကိုရေတွေပြန်မှုတ်ထုတ်ပြီး Heat တက်တဲ့ပြသနာတွေ ဖြစ်တက်ပါတယ်။
အနှစ်ချုပ်အနေနဲ့ မည်သည့်ဆိုင်ကယ်မဆို
ရေတိုင်ကီထဲကရေတွေ
အိုဗာပြန်ဗူးထဲ ပြန်ပြန်ထွက်လာပြီး အင်ဂျင် Heat တက်ပြီဆို
သာမိုစတက်ကိုစစ်ဆေးပါ
ရေလည်အုံပန့်ကိုဖြုတ်၍ ပန့်ဒလက်တွေကောင်းမကောင်းစစ်ပါ
ရေတိုင်ကီ ရေလမ်းကြောင်းကိုစစ်ဆေးပေးပါ
ဟတ် Gasket ကိုစစ်ဆေးပေးပါ။
ရေဆူလို့ အင်ဂျင် Heat တက်တဲ့ ပြသနာနဲ့
ရေတိုက်ကီ Check မီးလင်းတဲ့ ပြသနာတွေကိုဖြေရှင်းနိုင်ပါစေ
Credit ***
<Zawgyi>
ရေတိုင်ကီထဲကရေတွေ
Credit ***
Comments
Post a Comment