<Unicode>
REV. / RPM
( Revolution per minute)
အလွယ်ခေါ်ကြစို့ဗျာ အပါတ်ရည် ပေါ့။အပါတ်ရည်ဆိုတာ တစ်မိနစ်မှာ ကရိုင်းဟာဘယ်လောက်တွန်းကန်လည်နိုင်သလဲဆိုတဲ့ အရာကိုခေါ်တာပါ။ အင်ဂျင်ဆားဗစ်သမားတစ်ယောက်အတွက် RPMကိုထည့်သွင်း မသိရှိထားရင် ပြင်ဆင်ရာမှာ အနည်းနဲ့အများ ပြသနာရှိနိုင်ပါတယ်။ ရိုးဆင်းစွာချည်းကပ်ကြည့်တာပေါ့။REV ဆိုတာက အင်ဂျင်တစ်လူံးရဲ့ အမြန်ဆုံးလည်ပါတ်နိုင်တဲ့ အပါတ်ရည်ကို ဖေါ်ပြပြီး ယူနစ်က RPMနဲ့ပြလေ့ရှိတယ်။ four stroke အင်ဂျင်တစ်လူံးအတွက်ဆိုပါစို့ တစ်မိနစ်မှာ အပါတ်ရည်လေးရာဆိုရင် မီးပေါက်ကွဲ ဖြစ်စဉ်ကအကြိမ်နှစ်ရာရှိနိုင်တယ်။ အိုဘာလပ် ဖြစ်နေချိန်က အကြိမ်နှစ်ရာရှိနိုင်တယ်။ကွန်နတင်းအတက်အဆင်းလုပ်နေရတဲ့အကြိမ်ရေက ရှစ်ရာ ဖြစ်သွားလိမ့်မယ်။ရှစ်ရာကိုခြောက်ဆယ်နဲ့စားလိုက်ရင် 1second မှာ ကွန်နတင်းဟာ ဆယ့်သုံးကြိမ်သာသာ အတက်ဆင်းလုပ်နေရတာပါ။ကဲ တွက်ကြည့်လို့ရပြီ အပူနဲ့ ပွတ်တိုက်မူဟာ ချောဆီသာစနစ်တကျမရှိရင်။ မိနစ်ပိုင်းလေးမှာပဲအင်ဂျင်တစ်လုံးဟာ အလုပ်မလုပ်နိုင်တော့တဲ့အထိ ပျက်စီးသွားနိုင်ပါတယ်။
အပါတ်ရည်က မြင်းကောင်ရေလားလို့ အမှတ်မှားတတ်ကြပါသေးတယ်။အင်ဂျင်တစ်လုံးကို အရေးပါမပါ သုံးသင့်မသင့် သတ်မှတ်တဲ့နေရာမှာ မြင်းကောင်ရေတစ်ခုထဲကိုပဲ ကြည့်သတ်မှတ်လို့မရနိုင်ပါဘူး။ မြင်းကောင်ရေကအရေးကြီးတာမှန်ပေမယ့် လိမ်ကျစ်အား Torque ကလဲအရေးကြီးတဲ့ နေရာကနေပါ၀င်နေပါသေးတယ်။ဆိုကြပါဆို 25ကောင် ဒီဇယ်အင်ဂျင်ဟာ နိုးနိူးချင်း 25ကောင်ထွက်တာမဟုတ်ပါဘူး 25@???RPMလို့ပြရပါတယ်။ ဆိုလိုတာက 25ကောင်ဆိုတာဟာ ဒီ့အင်ဂျင်ရဲ့ အပါတ်ရေဘယ်လောက်မှာမှထွက်နိုင်တယ်လို့ဆိုလိုတာပါ။အပါတ်ရေက မြင်းကောင်ရေကို တိုက်ရိုက် ထောက်ပံ့ထားတာမှနိပေမယ့် မေးကြကြေးဆို လီဘာအဆုံးမှာ 25ကောင်ထွက်တယ်ဗျာလို့ ေဖြလို့မရပါဘူး။ဘာလို့ဆိုတော့ အင်ဂျင်တစ်လုံးရဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်ရည်ဆိုတာ Rတဆက်တစပ်ထဲရုန်းနိုင်တဲ့အေကာင်းဆုံးထွက်နိုင်တဲ့ပါ၀ါပါ။။ စွမ်းဆောင်နိုင်ရည်ဆိုတာ အလွတ်လည်တဲ့ အပါတ်ရည်နဲ့ ၀န်ဆွဲအပါတ်ရည်ကွာဟပါသေးတယ်။ဆိုပါဆို့ red line RPM 12000ပါတဲ့ ဆိုင်ကယ်တစ်စီးရဲ့ အများဆုံးထွက်မြင်းကောင်ရေဟာ 35@8000RPMလို့ရေးထားမယ်ဆိုရင် သေချာတယ် အပါတ်ရည်ရှစ်ေထာင်အထိတဆက်တည်းရုန်းအားသုံးဆယ့်ငါးကောင်ဖြစ်နိုင်ပြီးတော့ ကိုးထောင်မှာမြင်းကောင်ရေက အနည်းပါးပိုတက်လာနိုင်တယ် မသေချာနိုင်တော့ပါဘူး။ ၀န်နဲ့မောင်းတဲ့အခါလဲ အပါတ်ရည်ရှစ်ထောင်ကိုမကျော်နိုင်တော့ပါဘူး။မကျော်အောင်လဲ restric အကန့်အသတ်တွေထည့်ပေးထားတာပါ။
Torque ကကျတော့ လိမ်ကျစ်အားကို ပြောချင်တာပါ စောင်ရေညှစ်သလို ကရိုင်းရှပ်ပေါ် ဒါမှမဟုတ်နောက်ဘီး၀င်ရိုးပေါ်မှာ လိမ်ပြီးရုန်းနိုင်တဲ့အားပါ သူကကျတော့ RPMနဲ့တွဲပြပီး ယူနစ်က ( Ft-lb , NM ) နယူတန်မီတာနဲ့ပြပါတယ်။သူကကျပြန်တော့ အဓိကသက်ဆိုင်နေတာ compression ratio နဲ့ပါ။ကျန်တာကတော့ displacement ပြီးတော့ ၀န်အနေအထားပါ။ အထကောင်းတယ် ရုန်းတယ် ဆိုတာ မြင်းကောင်ရေထက် လိမ်ကျစ်အားက ကိုယ်စားပြုပါတယ်။RPM အကြောင်းကိုဆက်ပြောရရင် အင်ဂျင်တစ်လုံးဟာ အပါတ်ရည်တည်းတာကောင်းလား များတာကောင်းလားလို့မေးကြည့်မယ်ဆိုရင် ဘယ်နေရာမှာဘယ်လိုသုံးစွဲမလဲဆိုတာကိုအဓိက စကြည့်ရမှာပါ။ လိမ်ကျစ်အားဦးစားပေးထားတဲ့ ကားကြီးတွေမှာ အပါတ်ရေ သုံးထောင်အောက်ပဲ လာတတိပါတယ်။အပါတ်ရည်နည်းလို့မြင်းကောင်ရေမနည်းပါဘူး အင်ဂျင်ပါဝါတွေကအကြီးကြီး ပါ။ရေကြောင်းသဘ်ောအင်ဂျင်တွေဆိုအပါတ်ရည်သုံးရာ ပါတ်လည်ပဲရှိပါတယ်။ကားလတ်အများစုကအပါတ်ရည် ရှစ်ထောင်အောက်ဖြစ်နိုင်ပြီးတော့ ဆိုင်ကယ် အင်ဂျင်တွေမှာပြိုင်ဘီးတွေဆို အပါတ်ရည် နှစ်သောင်းထိ ရှိနိုင်ပါတယ်။ဘာကွာမလဲ ဘာတွေကအဓိက ကွာဟစေလဲဆိုတော့အပါတ်ရည်များလေလေ ပျက်စီးမြန်လေလေမို့ပါ။
အပါတ်ရည်တစ်သောင်းလည်နေတဲ့အင်ဂျင်ဟာ 1 second မှာ ကွန်နင်းဟာ အကြိမ်သုံးရာကျော် အတက်အဆင်းလုပ်နေရပါတယ်။အင်ဂျင်ဝိုင်လဲရမယ့်အချိန်မတူတော့သလို ဆားဗစ်၀င်ရမယ့်အချိန်လဲ တိုလာပါတယ်။အပါတ်ရည်နည်းတဲ့အင်ဂျင်ဟာပိုပြီး အသက်ရှည်ရှည် အချိန်ကြာကြာ စွမ်းဆောင်နိုင်ပါတယ်။
ဒါဖြင့်ဘာလို့ ဆိုင်ကယ်တွေကို အပါတ်ရည် သုံးထောင်အောက်မထုတ်တာလဲလို့မေးနိုင်စရာရှိပါတယ်။
အင်ဂျင် displacement ကြီးကြီးတပ်ဖို့ နေရာမရှိတာရယ် ဝိတ်အလွန်အမင်းပိုလာမှာကြောင့်တွေကြောင့်ပါ။နောက်အကြောင်းပြချက်တစ်ခုကအင်ဂျင်သေးသေးနဲ့ လိမ်ကျစ်အားများများထွက်ချင်လို့ပါ။
ဒါပေမယ့် နင်းကန်ဆွဲလို့ ကီလိုတစ်ရာ့နှစ်ဆယ်ေရာက်တိုင်း ဘေးက ကားက ပေါ့ပေါ့ပါးပါးလေးနင်းပြီး ကီလိုတစ်ရာ့နှစ်ဆယ်နဲ့ ကျော်တက်သွားပါလိမ့်မယ်။
အင်ဂျင် အကြီးအသေးကွာသွားတာကြောင့်ပါ။
ST 1100ဟာ Redline RPM တစ်သောင်းထိပါပေမယ့်
အကောင်းဆုံးစွမ်းဆောငိနိုင်ရည်က 7500RPMမှာ 101.4 ကောင်ထွက်ပါတယ်။လိမ်ကျစ်အားက အပါတ်ရည်ခြောက်ထောင်မှာ 111NM ရှိပါတယ်။လိမ်ကျစ်အားနည်းလို့ အထမကောင်းတဲ့ STက တန်ဖိုးနည်းခရီးသွားဘီးအဆငိ့မှာ လူအကြိုက်မများလှပါဘူး။
ST1300မှာ ဟွန်ဒါကပြောင်းလဲမူအနေနဲ့ အပါတ်ရည်ရှစ်ထောင်မှာ 118ကောင် ထုတ်ပေးနိုင်မှာဖြစ်ပြီး
အပါတ်ရည် 6500မှာ 117 NMလိမ်ကျစ်အားကိုထုတ်ပေးနိုင်ပါတယ်။ဘာကိုသွားတွေ့လဲဆိုတော့ လိမ်ကျစ်အားနည်းတဲ့ st 1100ဟာ st 1300ထက် compression ratio နည်းတာကိုတွေ့ရပါတယ်။ ဒါကလိမ်ကျစ်အားရဲ့ မတူပုံက်ုပြောပြတာပါ။
အဲ့တော့ ဆိုင်ကယ်တစ်စိး၀ယ်မယ်ဆိုရင် spec လေးအရင်ရှာဖတ်ဖို့ကိုလဲအကြံပြုချင်ပါတယ်။ ဝိတ်လေးမလေး ကိုယ့်အရပ်နဲ့ အဆင်ပြေမပြေ လိမ်ကျစ်အားကောင်းမကောင်း Red lineRPM အရာရာ ကိုသိရှိပြီးမှ ၀ယ်ယူတာအသင့်တော်ဆုံးပါ။
အပါတ်ရည်များတဲ့ s4တွေကျ အင်ဂျင်ထိတာမြန်ပြိး ဟာလီတွေကျ အင်ဂျင်ဘာလို့အကြာကြီးခံေနလဲ
ဆိုတာ အပါတ်ရည် အကြောင်းလေးကိူသိပြီးရင်ဖြေဖို့တောင်မလိုေလာက်တော့ဘူးထင်ပါတယ်။
အားလုံးပဲဆိုင်ကယ်ဗဟုသုတပြည့်၀ကြပါစေ။
ဒီပို့လေးရဲ့edit အတွက် ကိုပိကို အထူးကျေးဇူးပါ။
ကျွန်တော်ရဲရင့်သာဝေပိုင်ပါ။
<Zawgyi>
REV. / RPM
( Revolution per minute)
ဒါပေမယ့် နင်းကန်ဆွဲလို့ ကီလိုတစ်ရာ့နှစ်ဆေယ်ရာက်တိုင်း ဘေးက ကားက ပေါ့ပေါ့ပါးပါးလေးနင်းပြီး ကီလိုတစ်ရာ့နှစ်ဆယ်နဲ့ ကျော်တက်သွားပါလိမ့်မယ်။
အပါတ်ရည်များတဲ့ s4တွေကျ အင်ဂျင်ထိတာမြန်ပြိး ဟာလီတွေကျ အင်ဂျင်ဘာလို့အကြာကြီးခေံနလဲ
ဆိုတာ အပါတ်ရည် အကြောင်းလေးကိုသိပြီးရင်ဖြေဖို့တောင်မလေိုလာက်တော့ဘူးထင်ပါတယ်။
Comments
Post a Comment