<Unicode>
ဒီတစ်ခါ ကလပ်ဘီးတွေအကြောင်း မရေးဘဲ Auto ဘီးလေးတွေအကြောင်းCompare လုပ်ပေးချင်ပါတယ်။
Honda Click 150i နဲ့ Yamaha Aerox 155VVA ဘယ်ဟာ ဝယ်စီးသင့်လဲ စဉ်းစားရခက်နေသလား..?
သူတို့၂စီးကို နှိုင်းယှဉ်ကြည့်ရအောင်
တူတဲ့ အချက်တွေ အရင်ကြည့်ရအောင်။
မောင်းနှင်စနစ်မှာ ၂စီးလုံး Automaticအတူတူပင်ဖြစ်ကြပြီး အိတ်ဇောလဲ ၂စီးလုံး တစ်ခုစီပဲ ပါရှိပါတယ်။Cooling System မှာလဲ ၂စီးလုံး ရေတိုင်ကီစနစ်တွေပါ။၂စီးလုံး 4 stroke အင်ဂျင်တွေပါပဲ။၂စီးလုံး Scooter အမျိုးအစား ဆိုင်ကယ်တွေ ဖြစ်ကြတယ်။
ဆလင်ဒါလဲ ၁လုံးစီသာ ပါရှိကြတယ်။ဆီစနစ်မှာလဲ ၂စီးလုံး EFI ဆီစနစ် ဖြစ်ပြီး SOHC တွေပေါ့။၂စီးလုံး Driveline က CVT ပါ။
မတူတဲ့ အချက်တွေကြည့်ရအောင်။
အင်ဂျင်ပါဝါ မတူပါဘူး။Click က 149.9cc ရှိပြီး Aerox က 155.10cc ပါ။Aerox မှာ ကလပ်ခြောက် Centifugal ကလပ် ပါရှိပြီး Click ဘီးမှာ မပါရှိပါဘူး။Click ကတော့ ဂါပနာချူးလို့ခေါ် Centrifugal Clutch အစို ကို တွေ့နိုင်ပါတယ်။Click က ဂါပနာချူး.အစိုဖြစ်သော်ကြောင့် စီးရတာငြိမ့်ငြိမ့်ညောင်းညောင်း ညင်သာမှုရှိပါတယ်။ကရောင်းဆီ လို့ခေါ်တဲ့ ချောဆီတော့ ထည့်ပေးရတာပေါ့။
Click ဘီးမှာ Valves ဘယ်နှစ်ခုပါလဲ ဖော်မပြထားပေးမဲ့ ၂ခုဖြစ်နိုင်ပါတယ်။Aerox မှာ Valves ၄ချောင်း ပါ။အများဆုံး ပါဝါ အနေနဲ့ Click က မြင်းကောင်ရည် 13Hp ရှိပြီး Aerox က 14.7Hp ပါ။အရုန်းအစွဲမှာ Click 13.4Nm,ဖြစ်ကာ Aerox 13.8Nm.ပါ။အများဆုံး ပေးနိုင်တဲ့ RPMတွေက Click 8500Rpm ဖြစ်ပြီးAerox 8000Rpm ပါ။ဆိုလိုတဲ့ သဘောက အပတ်ရေမှာ Honda က သာတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။သို့သော် Yamaha က သာနေတာပါ။Honda က အပတ်ရေ 8500 မှာ13Hp ရအောင်ရုန်းနေတဲ့အချိန် Yamaha က အပတ်ရေ 8000 လေးနဲ့14.7Hp ရအောင် အသာလေးရုန်းသွားပါတယ်။အဲ့ သဘောပါ။အပတ်ရေများတော့ ပိုပြေးတယ်ဆိုတာလဲ မှန်ပါတယ်။Yamahaကတော့ အပတ်ရေ 8000 ထိပဲ ကန့့်သတ်ထားပါတယ်။Safety Drive အတွက်လို့ ဆိုနိုင်ပါတယ်။
အ မြင့်ဆုံး လိမ်အားကိုပေးနိုင်တဲ့ RPM ကတော့ Click 5000Rpm ဖြစ်ပြီးAerox က 6250Rpm,ဖြစ်ပါတယ်။ဒါကတော့ Yamaha က အပြတ်သတ်ကြီးသာလို့နေပါတယ်။Torque သာတဲ့အတွက် Yamaha Aerox က ဝန်စည်စလယ် များ ပိုမိုတင်ဆောင်နိုင်ပြီး ကုန်းအတက်တွေမှာ သာသာယာယာပဲ တက်သွားမှာပါ။Click ထက် ပိုရုန်းနိုင်တယ်ပြောရမှာပေါ့။
Bore x Stroke တွေမှာဆိုရင်လဲ Aerox က အနည်းငယ် ထုထည်ကြီးမားပါတယ်။Honda Click 150 i မှာ အလိုအလျောက်ချိတ်ဆက်မှုဖြစ်ပြီး Yamaha Aerox 155 VVA မှာ Centifugal ကလပ်ပါရှိပြီး အခြောက် ပါ။နောက်ထပ်အားသာချက်ကတော့ Yamaha ရဲ့ မူပိုင် VVA စနစ်ပါပဲ။အဆိုပါ စနစ်ကို R 15 V3 မှာလဲ တပ်ဆင်ဆင်ပေးထားပါတယ်။VVA ဆိုတာ ဗားကို အလိုအလျောက် ထိန်းပေးတဲ့ စနစ်ပါ။Click က စီးရတာ ငြိမ့်ညောင်း ငြင်သာပြီး ပါဖောမန့် ပိုကောင်းပါတယ်။Aerox အင်ဂျင်ဖွဲ့စည်းပုံက Mt 15,R 15,Xsr 155 တို့နဲ ဖွဲ့စည်းပုံဆင်တာကြောင့် စီးရတာ အသံကြမ်းကြမ်းနဲ့ အဆွဲအရုန်း အရသာကို ခံစားရမှာပါ။Yamaha ဘီး တော်တော်များများက အင်ဂျင်သံ သို့မဟုတ် ကလပ်အုံသံ ကြမ်းပါတယ်။Click 150 i ကတော့ အဆင့်မြင့် Smart Key စနစ်ပါပါတယ်ဗျ။ဘီးရဲ့ လုံခြုံမှုအတွက် ခေတ်မှီတဲ့အဆင့်မြင့် သော့စနစ်တစ်ခုပေါ့။Aerox 155 မိုဒယ်အမြင့်တွေမှာလဲ စမတ်ကီးစနစ်ပါတယ်လို့ သိရပါတယ်။
ခုံကတော့ ၂စီးလုံး ၂ယောက်ထိုင်ခုံတွေပါပဲ။ခုံအမြင့်မှာဆို Aerox က အနည်းငယ်ပိုမြင့်ပါတယ်။Wheelbase မှာ Click က ပိုတိုတာကြောင့် အကွေ့အပြုတွေကျ Click က သာပါတယ်။အလေးချိန်မှာကျ Aerox က 3Kg ပိုလေးပါတယ်။
အသုံးပြုထားတဲ့ ဘတ္တရီအမျိုးအစားကလဲ ၂စီးလုံး 12V ဘတ္တရီ တွေပါပဲ။ရှေ့ဖောက်တွေမှာဆို ၂စီးလုံး Telescopic ဖောက်တွေပါပဲ။နောက်ဖောက်တွေမှာတော့ Click က Unit Swing ဖောက်တစ်ချောင်း ဖြစ်ပြီး Aerox က ဖောက်၂ချောင်းအသုံးပြုပေးထားပါတယ်။Aerox ကြိုက်တာ အဲ့အချက်ပါပဲ။ဖောက်၂ချောင်းသုံးပေးထားတော့ တစ်ချောင်းအပေါ်မှာ ဝန်မပိစေတာပေါ့ဗျာ။ဖောက်တစ်ချောင်းထဲ ဆိုတော့ ညှာစီးရတာပေါ့ဗျာ။
ရှေ့နောက်တာယာ နှိုင်းယှဉ်ကြည့်တဲ့ အခါမှာAerox က တာယာဗျက် ပိုကျယ်ပါတယ် တာယာပိုတုတ်တယ် ဆိုပါတော့။တာယာအမျိုးအစားကတော့ ၂စီးလုံးအတူတူပဲ ဖြစ်တယ် ကျွတ်ဘလက် ရေဒီယယ် တာယာအမျိုးအစားတွေပါပဲ။
၂စီးလုံး အင်ဂျင် Check Warning တွေပါရှိမယ်။Pass မီး အသီးသီးပါရှိမယ်။ဒိုင်ခွက် Display ဘာညာအကုန်အတူတူပဲ ဖြစ်တယ်။ရှေ့မီး နောက်မီး ဘရိတ်မီးတွေမှာ သုံးထားတဲ့ မီးသီးအမျိုးအစားခြင်း တူမယ် LED တွေ ဖြစ်တယ်။တစ်ခု မတူတာကတော့ Click မှာ သူခိုးအန္တရာယ် မှ ကာကွယ်ပေးတဲ့ အချက်ပြ Alarm,ပါရှိပြီး Aerox မှာတော့ မပါရှိပါဘူး။
ကျနော် အနေနဲ့ပြောရရင် ဘီးခဏ ခဏ ပြောင်းစီးသူဆိုရင် Click ကို ရွေးချယ်သင့့်ပါတယ်။ဘာလို့လဲဆိုတော့ မြန်မာပြည်စျေးကွက်မှာ Click, Scoopyလောက်သာ လူသိများတာဖြစ်ပြီး second market လဲ Aerox ထက် အခိုင်အမာ ရထားပါတယ်။ဒါကြောင့် Click ဆိုရင် ပြန်ရောင်းရင် အရောင်းမြန်ဆန်ပြီး Aerox ထက်စျေးကောင်းရနိုင်ပါတယ်။ရေရှည် အစီးသမား သက်သက်ဆိုရင်တော့ ပိုမိုသော အင်ဂျင်ပါဝါ အနောက်တိုင်းဆန်တဲ့ ဒီဇိုင်းနဲ့ Aerox ကို ရွေးချယ်သင့်ပါတယ်။ကျနော်က အင်ဂျင်ပါဝါကြီးလေ ကြိုက်လေဆိုတော့ Aeroxကို ပိုကြိုက်ပါတယ်။Click က အရှေ့တိုင်းဆန်ပြီး Female ဆန်တာလဲ တွေ့ရသည်။ဒါကြောင့် ကြွက်သားထုထည် ထွက်ပြီး ရင်အုပ်ကားကား လေကာ ဒီဇိုင်းကြီးကြီးနှင့် Male ဆန်တဲ့ Aerox ကို ပိုကြိုက်မိသည်။ကျနော့် အမြင်ပါ။
Crd#TROY#🙏🙏🙏
#Old Post
<Zawgyi>
ဒီတစ္ခါ ကလပ္ဘီးေတြအေၾကာင္း မေရးဘဲ Auto ဘီးေလးေတြအေၾကာင္းCompare လုပ္ေပးခ်င္ပါတယ္။
Honda Click 150i နဲ႔ Yamaha Aerox 155VVA ဘယ္ဟာ ဝယ္စီးသင့္လဲ စဉ္းစားရခက္ေနသလား..?
သူတို႔၂စီးကို ႏႈိင္းယွဉ္ၾကည့္ရေအာင္
တူတဲ့ အခ်က္ေတြ အရင္ၾကည့္ရေအာင္။
ေမာင္းႏွင္စနစ္မွာ ၂စီးလုံး Automaticအတူတူပင္ျဖစ္ၾကၿပီး အိတ္ေဇာလဲ ၂စီးလုံး တစ္ခုစီပဲ ပါရွိပါတယ္။Cooling System မွာလဲ ၂စီးလုံး ေရတိုင္ကီစနစ္ေတြပါ။၂စီးလုံး 4 stroke အင္ဂ်င္ေတြပါပဲ။၂စီးလုံး Scooter အမ်ိဳးအစား ဆိုင္ကယ္ေတြ ျဖစ္ၾကတယ္။
ဆလင္ဒါလဲ ၁လုံးစီသာ ပါရွိၾကတယ္။ဆီစနစ္မွာလဲ ၂စီးလုံး EFI ဆီစနစ္ ျဖစ္ၿပီး SOHC ေတြေပါ႔။၂စီးလုံး Driveline က CVT ပါ။
မတူတဲ့ အခ်က္ေတြၾကည့္ရေအာင္။
အင္ဂ်င္ပါဝါ မတူပါဘူး။Click က 149.9cc ရွိၿပီး Aerox က 155.10cc ပါ။Aerox မွာ ကလပ္ေျခာက္ Centifugal ကလပ္ ပါရွိၿပီး Click ဘီးမွာ မပါရွိပါဘူး။Click ကေတာ့ ဂါပနာခ်ဴးလို႔ေခၚ Centrifugal Clutch အစို ကို ေတြ႕ႏိုင္ပါတယ္။Click က ဂါပနာခ်ဴး.အစိုျဖစ္ေသာ္ေၾကာင့္ စီးရတာၿငိမ့္ၿငိမ့္ေညာင္းေညာင္း ညင္သာမႈရွိပါတယ္။ကေရာင္းဆီ လို႔ေခၚတဲ့ ေခ်ာဆီေတာ့ ထည့္ေပးရတာေပါ႔။
Click ဘီးမွာ Valves ဘယ္ႏွစ္ခုပါလဲ ေဖာ္မျပထားေပးမဲ့ ၂ခုျဖစ္ႏိုင္ပါတယ္။Aerox မွာ Valves ၄ေခ်ာင္း ပါ။အမ်ားဆုံး ပါဝါ အေနနဲ႔ Click က ျမင္းေကာင္ရည္ 13Hp ရွိၿပီး Aerox က 14.7Hp ပါ။အ႐ုန္းအစြဲမွာ Click 13.4Nm,ျဖစ္ကာ Aerox 13.8Nm.ပါ။အမ်ားဆုံး ေပးႏိုင္တဲ့ RPMေတြက Click 8500Rpm ျဖစ္ၿပီးAerox 8000Rpm ပါ။ဆိုလိုတဲ့ သေဘာက အပတ္ေရမွာ Honda က သာတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါလိမ့္မယ္။သို႔ေသာ္ Yamaha က သာေနတာပါ။Honda က အပတ္ေရ 8500 မွာ13Hp ရေအာင္႐ုန္းေနတဲ့အခ်ိန္ Yamaha က အပတ္ေရ 8000 ေလးနဲ႔14.7Hp ရေအာင္ အသာေလး႐ုန္းသြားပါတယ္။အဲ့ သေဘာပါ။အပတ္ေရမ်ားေတာ့ ပိုေျပးတယ္ဆိုတာလဲ မွန္ပါတယ္။Yamahaကေတာ့ အပတ္ေရ 8000 ထိပဲ ကန္႔့သတ္ထားပါတယ္။Safety Drive အတြက္လို႔ ဆိုႏိုင္ပါတယ္။
အ ျမင့္ဆုံး လိမ္အားကိုေပးႏိုင္တဲ့ RPM ကေတာ့ Click 5000Rpm ျဖစ္ၿပီးAerox က 6250Rpm,ျဖစ္ပါတယ္။ဒါကေတာ့ Yamaha က အျပတ္သတ္ႀကီးသာလို႔ေနပါတယ္။Torque သာတဲ့အတြက္ Yamaha Aerox က ဝန္စည္စလယ္ မ်ား ပိုမိုတင္ေဆာင္ႏိုင္ၿပီး ကုန္းအတက္ေတြမွာ သာသာယာယာပဲ တက္သြားမွာပါ။Click ထက္ ပို႐ုန္းႏိုင္တယ္ေျပာရမွာေပါ႔။
Bore x Stroke ေတြမွာဆိုရင္လဲ Aerox က အနည္းငယ္ ထုထည္ႀကီးမားပါတယ္။Honda Click 150 i မွာ အလိုအေလ်ာက္ခ်ိတ္ဆက္မႈျဖစ္ၿပီး Yamaha Aerox 155 VVA မွာ Centifugal ကလပ္ပါရွိၿပီး အေျခာက္ ပါ။ေနာက္ထပ္အားသာခ်က္ကေတာ့ Yamaha ရဲ႕ မူပိုင္ VVA စနစ္ပါပဲ။အဆိုပါ စနစ္ကို R 15 V3 မွာလဲ တပ္ဆင္ဆင္ေပးထားပါတယ္။VVA ဆိုတာ ဗားကို အလိုအေလ်ာက္ ထိန္းေပးတဲ့ စနစ္ပါ။Click က စီးရတာ ၿငိမ့္ေညာင္း ျငင္သာၿပီး ပါေဖာမန္႔ ပိုေကာင္းပါတယ္။Aerox အင္ဂ်င္ဖြဲ႕စည္းပုံက Mt 15,R 15,Xsr 155 တို႔နဲ ဖြဲ႕စည္းပုံဆင္တာေၾကာင့္ စီးရတာ အသံၾကမ္းၾကမ္းနဲ႔ အဆြဲအ႐ုန္း အရသာကို ခံစားရမွာပါ။Yamaha ဘီး ေတာ္ေတာ္မ်ားမ်ားက အင္ဂ်င္သံ သို႔မဟုတ္ ကလပ္အုံသံ ၾကမ္းပါတယ္။Click 150 i ကေတာ့ အဆင့္ျမင့္ Smart Key စနစ္ပါပါတယ္ဗ်။ဘီးရဲ႕ လုံၿခဳံမႈအတြက္ ေခတ္မွီတဲ့အဆင့္ျမင့္ ေသာ့စနစ္တစ္ခုေပါ႔။Aerox 155 မိုဒယ္အျမင့္ေတြမွာလဲ စမတ္ကီးစနစ္ပါတယ္လို႔ သိရပါတယ္။
ခုံကေတာ့ ၂စီးလုံး ၂ေယာက္ထိုင္ခုံေတြပါပဲ။ခုံအျမင့္မွာဆို Aerox က အနည္းငယ္ပိုျမင့္ပါတယ္။Wheelbase မွာ Click က ပိုတိုတာေၾကာင့္ အေကြ႕အျပဳေတြက် Click က သာပါတယ္။အေလးခ်ိန္မွာက် Aerox က 3Kg ပိုေလးပါတယ္။
အသုံးျပဳထားတဲ့ ဘတၱရီအမ်ိဳးအစားကလဲ ၂စီးလုံး 12V ဘတၱရီ ေတြပါပဲ။ေရွ႕ေဖာက္ေတြမွာဆို ၂စီးလုံး Telescopic ေဖာက္ေတြပါပဲ။ေနာက္ေဖာက္ေတြမွာေတာ့ Click က Unit Swing ေဖာက္တစ္ေခ်ာင္း ျဖစ္ၿပီး Aerox က ေဖာက္၂ေခ်ာင္းအသုံးျပဳေပးထားပါတယ္။Aerox ႀကိဳက္တာ အဲ့အခ်က္ပါပဲ။ေဖာက္၂ေခ်ာင္းသုံးေပးထားေတာ့ တစ္ေခ်ာင္းအေပၚမွာ ဝန္မပိေစတာေပါ႔ဗ်ာ။ေဖာက္တစ္ေခ်ာင္းထဲ ဆိုေတာ့ ညႇာစီးရတာေပါ႔ဗ်ာ။
ေရွ႕ေနာက္တာယာ ႏႈိင္းယွဉ္ၾကည့္တဲ့ အခါမွာAerox က တာယာဗ်က္ ပိုက်ယ္ပါတယ္ တာယာပိုတုတ္တယ္ ဆိုပါေတာ့။တာယာအမ်ိဳးအစားကေတာ့ ၂စီးလုံးအတူတူပဲ ျဖစ္တယ္ ကြၽတ္ဘလက္ ေရဒီယယ္ တာယာအမ်ိဳးအစားေတြပါပဲ။
၂စီးလုံး အင္ဂ်င္ Check Warning ေတြပါရွိမယ္။Pass မီး အသီးသီးပါရွိမယ္။ဒိုင္ခြက္ Display ဘာညာအကုန္အတူတူပဲ ျဖစ္တယ္။ေရွ႕မီး ေနာက္မီး ဘရိတ္မီးေတြမွာ သုံးထားတဲ့ မီးသီးအမ်ိဳးအစားျခင္း တူမယ္ LED ေတြ ျဖစ္တယ္။တစ္ခု မတူတာကေတာ့ Click မွာ သူခိုးအႏၲရာယ္ မွ ကာကြယ္ေပးတဲ့ အခ်က္ျပ Alarm,ပါရွိၿပီး Aerox မွာေတာ့ မပါရွိပါဘူး။
က်ေနာ္ အေနနဲ႔ေျပာရရင္ ဘီးခဏ ခဏ ေျပာင္းစီးသူဆိုရင္ Click ကို ေရြးခ်ယ္သင့့္ပါတယ္။ဘာလို႔လဲဆိုေတာ့ ျမန္မာျပည္ေစ်းကြက္မွာ Click, Scoopyေလာက္သာ လူသိမ်ားတာျဖစ္ၿပီး second market လဲ Aerox ထက္ အခိုင္အမာ ရထားပါတယ္။ဒါေၾကာင့္ Click ဆိုရင္ ျပန္ေရာင္းရင္ အေရာင္းျမန္ဆန္ၿပီး Aerox ထက္ေစ်းေကာင္းရႏိုင္ပါတယ္။ေရရွည္ အစီးသမား သက္သက္ဆိုရင္ေတာ့ ပိုမိုေသာ အင္ဂ်င္ပါဝါ အေနာက္တိုင္းဆန္တဲ့ ဒီဇိုင္းနဲ႔ Aerox ကို ေရြးခ်ယ္သင့္ပါတယ္။က်ေနာ္က အင္ဂ်င္ပါဝါႀကီးေလ ႀကိဳက္ေလဆိုေတာ့ Aeroxကို ပိုႀကိဳက္ပါတယ္။Click က အေရွ႕တိုင္းဆန္ၿပီး Female ဆန္တာလဲ ေတြ႕ရသည္။ဒါေၾကာင့္ ႂကြက္သားထုထည္ ထြက္ၿပီး ရင္အုပ္ကားကား ေလကာ ဒီဇိုင္းႀကီးႀကီးႏွင့္ Male ဆန္တဲ့ Aerox ကို ပိုႀကိဳက္မိသည္။က်ေနာ့္ အျမင္ပါ။
Crd#TROY#🙏🙏🙏
#Old Post
Comments
Post a Comment