အင်ဂျင်တစ်လုံးစတ်နိုးဖို့ ဘာတွေလိုအပ်လဲ

<Unicode>
အင်္ဂျင်တစ်လုံး စက်နိုးဖို့ ဘာတွေလိုအပ်လဲ??

**အင်္ဂျင်အားလုံး သဘောတရားအကုန်တူပါတယ်**

4စတုတ်အကြောင်းပြောပြချင်ပါတယ်
အင်္ဂျင်တစ်လုံး စက်နိုးဖို့

**တိုင်ပင်မှန်ရမယ်**

**လိုအပ်တဲ့လေကျစ်အားတစ်ခုထိရှိရမယ်**

တိုင်ပင်ကအလွန်အရေးကြီးပါတယ် 
4စတုတ်တွေမှာ အိပ်ဇောက မီးတစ်ချက်ပေါက်ဖို့ ပစ္စတင်အတက် အဆင်း၄ကြိမ်လုပ်ပေးရပါတယ် ပစ္စတင်အတက်အဆင်းလုပ်နေတဲ့အချိန်မှာ ဘားကအဖွင့်အပိတ်မှန်အောင်လုပ်ပေးရပါတယ် တိုင်ပင်မှားရင် ပစ္စတင် ဝရိမ်းတွေ ဘားတွေ အသစ်ပဲဖြစ်နေပါစေစက်မနိုးပါဘူး ပစ္စတင်နဲ့ ဘားနဲ့ရိုက်ပြီး ဘားကောက်နိုင်ပါတယ် နည်းနည်းလောက်လွဲတာဆိုရင်တော့ စက်သံ မမှန်နိုင်ပါဘူး
ဒါ့ကြောင့်တိုင်ပင်ကအရေးကြီးပါတယ်

လေကျစ်အားတစ်ခုကောင်းကောင်းရဖို့ ပစ္စတင် ဝရိမ်း ဘားတွေကအကုန်ဆက်နွယ်နေပါတယ်
 စက်နိုးဖို့အဓိကလုပ်ဆောင်ချက်၄ခုမှာအကုန်ကောင်းနေဖို့လိုပါတယ်

**နံပါတ်၁ စစ်ရမယ့်အချက်**

အရင်ဆုံး ပစ္စတင်က လေနဲ့ဆီကိုစပြီးဆွဲပါတယ် 
စဆွဲတဲ့အချိန်မှာ အင်းလက် ဘားကပွင့်ပေးရမယ် အိပ်ဇောဘားကပိတ်နေရမယ့်အနေအထားပါ ဒီအချိန်မှာအိပ်ဇောဘားနင်းတာတို့ ဘားထောက်နေတာတို့ဆို မသန့်တဲ့လေက ဆွဲတဲ့ထဲကိုပါသွားနိုင်ပါတယ် အင်းလက်ဘားကဖွင့်ပေးလိုက်တဲ့ လေနဲ့ဆီရောနှောပြီးသားကို
BDCရောက်တဲ့အနေထားထိဆွဲသွားပါတယ်

**နံပါတ်၂အချက်**

၂အချက်ကဆွဲသွားပြီးသားရောနှောပြီးသားလေနဲ့ဆီကို အပူချိန်တစ်ခုထိဖိအားပေးမှာပါ ကွန်ပရက်ရှင်းဖြစ်နေတဲ့အနေအထားပါ ကွန်ပရက်ရှင်းပေးတဲ့အနေထားက လေကိုအတင်းဖိအားပေးထားတာပါ 
အဲဒီချိန်မှာလေမထွက်အောင် ဘားနှစ်လုံးစလုံးစုံပိတ်ထားတဲ့အနေထားပါ ဘားတွေမပိတ်နိုင်ရင် ကွန်ပရက်ရှင်းအားမကောင်းပါ ဘားတွေနင်းနေရင်ချိန်ရပါမယ် 
ပစ္စတင် ဝရိမ်းမကောင်းရင်လည်းလေမကျစ်နိုင်ပါ ဝရိမ်းကလေကျော်ပြီး ရှိုက်ဘားအင်္ဂျင်ဝိုင်မှုတ်တာမျိုးဖြစ်တတ်ပါတယ် ဘားတွေမလုံရင်လည်းစက်မနိုးပါ
လေကျစ်အား ကွန်ပရက်ရှင်းဖြစ်နေတဲ့နေရာမှာ ဘားတွေလုံရမယ် ပစ္စတင် ဝရိမ်းကောင်းနေရပါမယ်
အနေထားတစ်ခုထိကောင်းပြီဆိုရင်ဖိအားပေးကျစ်ထားတဲ့ပူနေတဲ့လေနဲ့ဆီကို ပလပ်ကမီးပွင့်ပေးလိုက်တာပါ

**နံပါတ်၃အချက်**

ပလပ်မီးပွင့်ပြီး ပစ္စတင် ဝရိမ်းကိုဘား၂လုံးပိတ်ရက်သားအနေထားနဲ့ မီးပေါက်ပြီးBDCအနေထားထိကန်ချမှာပါ ကန်ချလိုက်တဲ့အချိန်မှာ ပါဝါပြည့်နေဖို့လိုပါတယ် ပစ္စတင် ဝရိမ်းက လေကိုလုံအောင်ထိန်းပေးနိုင်ရပါမယ်
ဝရိမ်းမကောင်းရင် ကန်ချလိုက်တဲ့အရှိန်က ပစ္စတင်နဲ့ဝရိမ်းကိုကျော်ပြီး ရှိုက်ဘားကမီးခိုးထွက်တတ်ပါတယ်
ပစ္စတင်ကိုကန်ချလိုက်တဲ့အခါ လေလုံနေဖို့လိုပါတယ်

**နံပါတ်၄အချက်**

၄အချက်ကတော့နောက်ဆုံးအချက်ပါ
ကန်ချလိုက်တဲ့လေတွေကို TDCထိပြန်တွန်းပို့ပြီး အိပ်ဇောဘားကိုဖွင့်ပြီးအကုန်ထုတ်လိုက်တာပါ

​သတိထားစရာတစ်ချက်ရှိပါသေးတယ်

ဆိုင်ကယ်တွေမှာဆို ကမ်းမရှပ်က ကင်းဘုတွေကောင်းဖို့လိုပါတယ် ကင်းဘုတွေမကောင်းရင် လေဆွဲတဲ့အခါ အိပ်ဇောကပြန်ထုတ်တဲ့အခါ လိုသလောက်မပွင့်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ် သုံးဘီးတွေမှာဆို ကင်းဘုတွေနဲ့ ဖူးစတော့ချောင်းတွေကိုစစ်ရမှာဖြစ်ပါတယ်

ဒီအချက်တွေအားလုံးကောင်းလျှင်
အင်္ဂျင်အတွက်ကမနိုးစရာအကြောင်းမရှိပါဘူးဗျ။

Admin--Khant Hmhwe Swe

<Zawgyi>
အဂၤ်င္တစ္လုံး စက္ႏိုးဖို႔ ဘာေတြလိုအပ္လဲ??

**အဂၤ်င္အားလုံး သေဘာတရားအကုန္တူပါတယ္**

4စတုတ္အေၾကာင္းေျပာျပခ်င္ပါတယ္
အဂၤ်င္တစ္လုံး စက္ႏိုးဖို႔

**တိုင္ပင္မွန္ရမယ္**

**လိုအပ္တဲ့ေလက်စ္အားတစ္ခုထိရွိရမယ္**

တိုင္ပင္ကအလြန္အေရးႀကီးပါတယ္ 
4စတုတ္ေတြမွာ အိပ္ေဇာက မီးတစ္ခ်က္ေပါက္ဖို႔ ပစၥတင္အတက္ အဆင္း၄ႀကိမ္လုပ္ေပးရပါတယ္ ပစၥတင္အတက္အဆင္းလုပ္ေနတဲ့အခ်ိန္မွာ ဘားကအဖြင့္အပိတ္မွန္ေအာင္လုပ္ေပးရပါတယ္ တိုင္ပင္မွားရင္ ပစၥတင္ ဝရိမ္းေတြ ဘားေတြ အသစ္ပဲျဖစ္ေနပါေစစက္မႏိုးပါဘူး ပစၥတင္နဲ႔ ဘားနဲ႔႐ိုက္ၿပီး ဘားေကာက္ႏိုင္ပါတယ္ နည္းနည္းေလာက္လြဲတာဆိုရင္ေတာ့ စက္သံ မမွန္ႏိုင္ပါဘူး
ဒါ႔ေၾကာင့္တိုင္ပင္ကအေရးႀကီးပါတယ္

ေလက်စ္အားတစ္ခုေကာင္းေကာင္းရဖို႔ ပစၥတင္ ဝရိမ္း ဘားေတြကအကုန္ဆက္ႏြယ္ေနပါတယ္
 စက္ႏိုးဖို႔အဓိကလုပ္ေဆာင္ခ်က္၄ခုမွာအကုန္ေကာင္းေနဖို႔လိုပါတယ္

**နံပါတ္၁ စစ္ရမယ့္အခ်က္**

အရင္ဆုံး ပစၥတင္က ေလနဲ႔ဆီကိုစၿပီးဆြဲပါတယ္ 
စဆြဲတဲ့အခ်ိန္မွာ အင္းလက္ ဘားကပြင့္ေပးရမယ္ အိပ္ေဇာဘားကပိတ္ေနရမယ့္အေနအထားပါ ဒီအခ်ိန္မွာအိပ္ေဇာဘားနင္းတာတို႔ ဘားေထာက္ေနတာတို႔ဆို မသန္႔တဲ့ေလက ဆြဲတဲ့ထဲကိုပါသြားႏိုင္ပါတယ္ အင္းလက္ဘားကဖြင့္ေပးလိုက္တဲ့ ေလနဲ႔ဆီေရာေႏွာၿပီးသားကို
BDCေရာက္တဲ့အေနထားထိဆြဲသြားပါတယ္

**နံပါတ္၂အခ်က္**

၂အခ်က္ကဆြဲသြားၿပီးသားေရာေႏွာၿပီးသားေလနဲ႔ဆီကို အပူခ်ိန္တစ္ခုထိဖိအားေပးမွာပါ ကြန္ပရက္ရွင္းျဖစ္ေနတဲ့အေနအထားပါ ကြန္ပရက္ရွင္းေပးတဲ့အေနထားက ေလကိုအတင္းဖိအားေပးထားတာပါ 
အဲဒီခ်ိန္မွာေလမထြက္ေအာင္ ဘားႏွစ္လုံးစလုံးစုံပိတ္ထားတဲ့အေနထားပါ ဘားေတြမပိတ္ႏိုင္ရင္ ကြန္ပရက္ရွင္းအားမေကာင္းပါ ဘားေတြနင္းေနရင္ခ်ိန္ရပါမယ္ 
ပစၥတင္ ဝရိမ္းမေကာင္းရင္လည္းေလမက်စ္ႏိုင္ပါ ဝရိမ္းကေလေက်ာ္ၿပီး ရႈိက္ဘားအဂၤ်င္ဝိုင္မႈတ္တာမ်ိဳးျဖစ္တတ္ပါတယ္ ဘားေတြမလုံရင္လည္းစက္မႏိုးပါ
ေလက်စ္အား ကြန္ပရက္ရွင္းျဖစ္ေနတဲ့ေနရာမွာ ဘားေတြလုံရမယ္ ပစၥတင္ ဝရိမ္းေကာင္းေနရပါမယ္
အေနထားတစ္ခုထိေကာင္းၿပီဆိုရင္ဖိအားေပးက်စ္ထားတဲ့ပူေနတဲ့ေလနဲ႔ဆီကို ပလပ္ကမီးပြင့္ေပးလိုက္တာပါ

**နံပါတ္၃အခ်က္**

ပလပ္မီးပြင့္ၿပီး ပစၥတင္ ဝရိမ္းကိုဘား၂လုံးပိတ္ရက္သားအေနထားနဲ႔ မီးေပါက္ၿပီးBDCအေနထားထိကန္ခ်မွာပါ ကန္ခ်လိုက္တဲ့အခ်ိန္မွာ ပါဝါျပည့္ေနဖို႔လိုပါတယ္ ပစၥတင္ ဝရိမ္းက ေလကိုလုံေအာင္ထိန္းေပးႏိုင္ရပါမယ္
ဝရိမ္းမေကာင္းရင္ ကန္ခ်လိုက္တဲ့အရွိန္က ပစၥတင္နဲ႔ဝရိမ္းကိုေက်ာ္ၿပီး ရႈိက္ဘားကမီးခိုးထြက္တတ္ပါတယ္
ပစၥတင္ကိုကန္ခ်လိုက္တဲ့အခါ ေလလုံေနဖို႔လိုပါတယ္

**နံပါတ္၄အခ်က္**

၄အခ်က္ကေတာ့ေနာက္ဆုံးအခ်က္ပါ
ကန္ခ်လိုက္တဲ့ေလေတြကို TDCထိျပန္တြန္းပို႔ၿပီး အိပ္ေဇာဘားကိုဖြင့္ၿပီးအကုန္ထုတ္လိုက္တာပါ

​သတိထားစရာတစ္ခ်က္ရွိပါေသးတယ္

ဆိုင္ကယ္ေတြမွာဆို ကမ္းမရွပ္က ကင္းဘုေတြေကာင္းဖို႔လိုပါတယ္ ကင္းဘုေတြမေကာင္းရင္ ေလဆြဲတဲ့အခါ အိပ္ေဇာကျပန္ထုတ္တဲ့အခါ လိုသေလာက္မပြင့္ႏိုင္တာမ်ိဳးေတြျဖစ္တတ္ပါတယ္ သုံးဘီးေတြမွာဆို ကင္းဘုေတြနဲ႔ ဖူးစေတာ့ေခ်ာင္းေတြကိုစစ္ရမွာျဖစ္ပါတယ္

ဒီအခ်က္ေတြအားလုံးေကာင္းလွ်င္
အဂၤ်င္အတြက္ကမႏိုးစရာအေၾကာင္းမရွိပါဘူးဗ်။

Admin--Khant Hmhwe Swe

Comments