<Unicode>
Carburetorစနစ်မှ EFIစနစ်သို့ ပြောင်းလဲ ဖွဲ့စည်းပုံ..
( EFI ) စနစ်မှာ.......
ELectronic နဲ့ Mechanical ပေါင်းမှ လည်ပတ်မှုကိုလုပ်ဆောင်နိင်မှာဖြစ်ပါတယ်။ Electronic တစ်ခုတည်း mechanical တစ်ခုတည်းဖြင့် လည်ပတ်မှုမလုပ်ဆောင်နိင်ပါဘူး။Mechanical နှင့် Electronic နှစ်မျိုးပေါင်းမှ လည်ပတ်နိင်မှာ ဖြစ်ပါတယ်။
FFI ဆိုတာဘာလဲ.....?
Engine မှာပါတဲ့ Sensorတွေက အချက်လက်တွေပို့လိုက်တဲ့အခါ ECM- ( Engine Control Module ) ကွန်ပျူတာဘောက်စ်ကတွက်ချက်ပြီး ( Actuator ) တွေကို လိုအပ်သလို ညှိပေးခြင်းဖြင့် ကောင်းမွန်တဲ့ လည်ပတ်မှုဖြစ်ပေါ်အောင် လုပ်ဆောင်ပေးပါတယ်
EFI စနစ်ရဲ့ ဖွဲ့စည်းပုံကတော့ ( INPUT+SENSOR ) ( PROCESS+ECM ) ( OUTPUT+ACTUATOR ) တို့ဖြစ်ပါတယ်။
INPUT ဆိုတာဘာလဲ.....?
ဖြစ်ပေါ်နေတဲ့အခြေနေကို ဖော်ပြပေးတဲ့ SENSOR တွေကို INPUT လို့ခေါ်ပါတယ်
PROCESSဆိုတာဘာလဲ.....?
အချက်လက်တွေကိုတွက်ချက်ပေးတဲ့ ECMကို PROCESSလို့ခေါ်ပါတယ်
OUTPUTဆိုတာဘာလဲ....?
ECMကလုပ်ဆောင်ခိုင်းတာတွေကို လုပ်ဆောင်ပေးတဲ့ ACTUATORတွေကို OUTPUT လို့ခေါ်ပါတယ်။
EFI ဆိုင်ကယ်များ ဆီစာနှုန်းသက်သာအောင်နှင့် အင်ဂျင်အဆွဲအရုန်းကောင်းအောင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ....?
၁။ ဆီပန့် ဆီစစ်ဇဂါကိုစေးဆေးပေးပါ မကောင်းလျှင် အသစ်လဲရမည်။
၂။ နော်ဇယ်ကို စက်နဲ့ဆေးရမည်။
၃။ Throttle Body နှင့် လေတံခါးရွက်ကို Volk Fi Cleanerဆေးရည်နဲ့ ဆေးရပါမည်။
၄။ Idle Air Control လေချုပ်ဗာကို Volk Fi Cleanerဖြင့် ဆေးရပါမည်။
၅။ လေစစ်ကိုစစ်ဆေးပေးပါ မကောင်းလျှင်အသစ်လဲရပါမည်။
၆။ ပလပ်မကောင်းလျှင် အရည်သွေးကောင်းပြီး အပူဒဏ်ခံနိင်ပြီး အင်ဂျင်ရဲ့ စွမ်းအင်ကို စွမ်းဆောင်ပေးတဲ့ ပလပ် အသုံးပြုရပါမည်။
ရ ။ အရည်သွေးကောင်းတဲ့ အင်ဂျင်ဝိုင် ပုံမှန်လဲပေးရပါမည်။
၈။ Dr.Api Smart Garage စက်ဖြင့် reset ချရမည်။ reset ချပြီးမှသာ ဆီနှင့်လေ အရောနှော မှန်ကန်မည်။ ဆီနှင့်လေ အရောနှော မှန်ကန်မှသာလျှင် အိပ်ဇောပိုက်မှဆီအနံ မရတော့တဲ့အပြင် မိတ်ဆွေတို့ရဲ့ ဆိုင်ကယ်လည်း ရေရှည် ခိုင်ခန့် ကြံ့ခိုင်ပြီးတော့ စိတ်ချမ်းသာစွာနဲ့ စီးနှင်းနိင်မှာ ဖြစ်ပါတယ်။
မှတ်ချက် ။ ။ဆင်ဆာများနှင့် လေတံခါးကိုယ်ထည်ကို တင်နာသော်၎င်း ဓါတ်ဆီသော်၎င်း မဆေးကြောသင့်ပါ ဆင်ဆာဆေးဘူး အသုံးပြု၍ ဆေးကြောပေးရမှာဖြစ်ပါတယ်။
မိတ်ဆွေများ အားလုံးနည်းပညာများ တိုးတက် အောင်မြင်ကြပါစေ။
Credit - သီရိမဟာစိန်ဆရာဖြိုး
<Zawgyi>
Carburetorစနစ္မွ EFIစနစ္သို႔ ေျပာင္းလဲ ဖြဲ႕စည္းပုံ..
( EFI ) စနစ္မွာ.......
ELectronic နဲ႔ Mechanical ေပါင္းမွ လည္ပတ္မႈကိုလုပ္ေဆာင္နိင္မွာျဖစ္ပါတယ္။ Electronic တစ္ခုတည္း mechanical တစ္ခုတည္းျဖင့္ လည္ပတ္မႈမလုပ္ေဆာင္နိင္ပါဘူး။Mechanical ႏွင့္ Electronic ႏွစ္မ်ိဳးေပါင္းမွ လည္ပတ္နိင္မွာ ျဖစ္ပါတယ္။
FFI ဆိုတာဘာလဲ.....?
Engine မွာပါတဲ့ Sensorေတြက အခ်က္လက္ေတြပို႔လိုက္တဲ့အခါ ECM- ( Engine Control Module ) ကြန္ပ်ဴတာေဘာက္စ္ကတြက္ခ်က္ၿပီး ( Actuator ) ေတြကို လိုအပ္သလို ညႇိေပးျခင္းျဖင့္ ေကာင္းမြန္တဲ့ လည္ပတ္မႈျဖစ္ေပၚေအာင္ လုပ္ေဆာင္ေပးပါတယ္
EFI စနစ္ရဲ႕ ဖြဲ႕စည္းပုံကေတာ့ ( INPUT+SENSOR ) ( PROCESS+ECM ) ( OUTPUT+ACTUATOR ) တို႔ျဖစ္ပါတယ္။
INPUT ဆိုတာဘာလဲ.....?
ျဖစ္ေပၚေနတဲ့အေျခေနကို ေဖာ္ျပေပးတဲ့ SENSOR ေတြကို INPUT လို႔ေခၚပါတယ္
PROCESSဆိုတာဘာလဲ.....?
အခ်က္လက္ေတြကိုတြက္ခ်က္ေပးတဲ့ ECMကို PROCESSလို႔ေခၚပါတယ္
OUTPUTဆိုတာဘာလဲ....?
ECMကလုပ္ေဆာင္ခိုင္းတာေတြကို လုပ္ေဆာင္ေပးတဲ့ ACTUATORေတြကို OUTPUT လို႔ေခၚပါတယ္။
EFI ဆိုင္ကယ္မ်ား ဆီစာႏႈန္းသက္သာေအာင္ႏွင့္ အင္ဂ်င္အဆြဲအ႐ုန္းေကာင္းေအာင္ ဘယ္လိုျပဳျပင္ထိန္းသိမ္းမလဲ....?
၁။ ဆီပန္႔ ဆီစစ္ဇဂါကိုေစးေဆးေပးပါ မေကာင္းလွ်င္ အသစ္လဲရမည္။
၂။ ေနာ္ဇယ္ကို စက္နဲ႔ေဆးရမည္။
၃။ Throttle Body ႏွင့္ ေလတံခါးရြက္ကို Volk Fi Cleanerေဆးရည္နဲ႔ ေဆးရပါမည္။
၄။ Idle Air Control ေလခ်ဳပ္ဗာကို Volk Fi Cleanerျဖင့္ ေဆးရပါမည္။
၅။ ေလစစ္ကိုစစ္ေဆးေပးပါ မေကာင္းလွ်င္အသစ္လဲရပါမည္။
၆။ ပလပ္မေကာင္းလွ်င္ အရည္ေသြးေကာင္းၿပီး အပူဒဏ္ခံနိင္ၿပီး အင္ဂ်င္ရဲ႕ စြမ္းအင္ကို စြမ္းေဆာင္ေပးတဲ့ ပလပ္ အသုံးျပဳရပါမည္။
ရ ။ အရည္ေသြးေကာင္းတဲ့ အင္ဂ်င္ဝိုင္ ပုံမွန္လဲေပးရပါမည္။
၈။ Dr.Api Smart Garage စက္ျဖင့္ reset ခ်ရမည္။ reset ခ်ၿပီးမွသာ ဆီႏွင့္ေလ အေရာေႏွာ မွန္ကန္မည္။ ဆီႏွင့္ေလ အေရာေႏွာ မွန္ကန္မွသာလွ်င္ အိပ္ေဇာပိုက္မွဆီအနံ မရေတာ့တဲ့အျပင္ မိတ္ေဆြတို႔ရဲ႕ ဆိုင္ကယ္လည္း ေရရွည္ ခိုင္ခန္႔ ႀကံ့ခိုင္ၿပီးေတာ့ စိတ္ခ်မ္းသာစြာနဲ႔ စီးႏွင္းနိင္မွာ ျဖစ္ပါတယ္။
မွတ္ခ်က္ ။ ။ဆင္ဆာမ်ားႏွင့္ ေလတံခါးကိုယ္ထည္ကို တင္နာေသာ္၎ ဓါတ္ဆီေသာ္၎ မေဆးေၾကာသင့္ပါ ဆင္ဆာေဆးဘူး အသုံးျပဳ၍ ေဆးေၾကာေပးရမွာျဖစ္ပါတယ္။
မိတ္ေဆြမ်ား အားလုံးနည္းပညာမ်ား တိုးတက္ ေအာင္ျမင္ၾကပါေစ။
Credit - သီရိမဟာစိန္ဆရာၿဖိဳး
Comments
Post a Comment