Oxygen sensor အကြောင်း

<Unicode>
#Oxygen sensor အကြောင်း

Oxygen sensor တွေကို အများအားဖြင့် Gasoline engine(ဓာတ်ဆီ အင်ဂျင်) တွေရဲ့ exhaust manifold ဘက်ချမ်းမှာ တတ်ဆင်ပြီး ECU (ကွန်ပျူတာဘောက်စ်) ဆီသို့ 0.1volt to 0.9 volt(၀.၁ ဗို့ မှ ၀.၉ ဗို့)အတွင်းပေးပို့ကာ ECU ကair/fuel ratio (ဆီ/လေအချိုး) ကို ထိန်းချုပ်ရန် အသုံးပြုပါတယ်။ ထိုသို့ပေးပို့ရာတွင် 0.45 volt(၀.၄၅ ဗို့) ပတ်ဝန်းကျင်တွင်ရှိနေပါက ဆီ/လေအချိုး (1:14.7)ကိုမှန်ကန်အောင် ECU က ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ၀.၉ ဗို့နှင့်နီးကပ်နေပါက ၎င်းကို Rich mixture (ဆီများ၊လေနဲ) အခြေအနေဖြစ်သက်မှတ်ပြီး ECU ကဆီ/လေအချိုး(1:14.7)အားထိန်းထားနိုင်ရန် injector တွေကို ဆီရှော့ဖျန်းစေပါလိမ့်မယ်။ အကယ်၍ ၀.၁ ဗို့နှင့်နီးကပ်နေပါက ၎င်းကို Lean mixture (ဆီနဲ၊လေများ) အခြေအနေဖြစ်သက်မှတ်ပြီး ECU ကို ဆီတိုးဖျန်းစေခြင်းဖြင့်ဆီ/လေအချိုးကိုထိန်းထားပါလိမ့်မည်။Oxygen sensor တွေဟာ Signal catalytic converter(ကျောက်ဇကာ) တွေရဲ့ အဝင်ဘက်ခြမ်း (၁ခု)၊ အထွက်ဘက်ခြမ်း (၁ခု)တတ်ဆင်ပြီး၊ dual catalytic converter(ကျောက်ဇကာ၂ခု)တွေမှာတော့ (၄ခု)တပ်ဆင်ထားလေ့ရှိကြပါတယ်။
Catalytic converter ရဲ့အဝင်ဘက်မှာတပ်ထားသော Oxygen sensor(upsteam) သည် ဆီထဲတွင်ပါဝင်နေသော oxygen ကိုထောက်လှမ်းပေးရန်အဓိကလုပ်ဆောင်ပေးပြီး အထွက်ဘက်မှာတပ်ဆင်ထားသော Oxygen sensor(downsteam) ကတော့ ကျောက်ဇကာရဲ့
စွမ်းဆောင်ရည်(Efficiency of Catalytic converter)ကိုထောက်လှမ်းပေးပါတယ်။
ကျောက်ဇကာရဲ့စွမ်းဆောင်ရည်ထောက်လှမ်းပေးပုံမှာ upsteam နဲ့ downsteam sensor နှစ်ခုရဲ့ ECU ဆီပေးပို့သော ဗို့ ကွာခြားလေလေ catalytic converter စွမ်းဆောင်ရည်များလေလေ ဖြစ်ပြီး ကွာခြားမူနည်းလေလေ ကျောက်ဇကာရဲ့စွမ်းဆောင်ရည်ကျလေလေဖြစ်ပါတယ်။Oxygen sensor တစ်ခုကောင်းကောင်းအလုပ်လုပ်ရန်O2 sensor အတွင်းရှိZirconium dioxide(ZrO2)သည်အပူချိန် 650 degree Celsius ခန့်ရှိရန်လိုအပ်ပါတယ်။Exhaust manifold မှထွက်ရှိလာသောအပူချိန်သည်အင်ဂျင်ပုံမှန်လည်ပတ်နေချိန်တွင် အပူချိန် ၆၀၀ degree Celsiusခန့်ရှိသော်လည်း၎င်းသည် Engine rpm(အင်ဂျင်လည်ပတ်နှုန်း)ပေါ်မူတည်နေသေးသည်။ထိုကြောင့်Oxygen sensor သည်Exhaust gas ၏အပူချိန်အားလုံးဝမှီခို၍မရသောကြောင့် O2 sensor များတွင်ကိုယ်ပိုင် heater coil(အပူပေးကွိုင်)များထည့်သွင်းအသုံးပြုရသည်။Oxygen sensor ကောင်းမကောင်းကို၎င်းheater coil၏ohm ခုခံမှု့(အုမ်း)တန်ဖိုးအားအမျိုးအစားအလိုက်သတ်မှတ်တန်ဖိုးရှိမရှိကိုသက်ဆိုင်ရာData sheetများတွင်ဖတ်ရှု့စစ်ဆေးရမည်။


Goodluck
စက်မှု့ကျောင်းသား

<Zawgyi>



Goodluck
စက်မှု့ကျောင်းသား

Comments