Honda CB/CBR 650 R

<Unicode>
Honda CB/CBR 650 R

(T) ခလုတ်ဆိုတာက Traction Control ပါ

ဘက်ဘက်လက်ကိုင်ရဲ့ လက်ညိုးနဲ့နှိပ်ရတဲ့ခလုတ်လေးဟာ အများအားဖြင့် ဘီးတော်တော်များမှာ မီးကြီးမီးသေးအချက်ပြမီးလို့ယူဆကြပါတယ်။ ဒါမယ့် ဒီ Honda CB/CBR 650 R မှာတော့ မီးကြီးအချက်ပြမီးအဖြစ် တောက်မီးမဟုတ်ပါဘူး။ 

လမ်းခရီးပေါ်မှုတည်ပြီး ချော်တဲ့လမ်းဖြစ်ဖြစ်၊ slow down ဖြစ်ဖြစ်၊ လမ်းမညီမညာဖြစ်ဖြစ် ဘီးကိုတိမ်းမှောက်စေတဲ့အဖြစ်မျိုးမဖြစ်အောင် Traction Control ကအလုပ်လုပ်ပေးပါတယ်။ ဘီးအရှိန်များများနဲ့သွားနေတဲ့အချိန်မှာ စူးညောင့်ခလုတ်တစ်ခုခုကြောင့် ဘီးယိမ်းယိုင်မှောက်လဲသွားခြင်း မရှိအောင် ဆင်ဆာကနေ အင်ဂျင်မီးကိုဖျောက်ပေးပြီး စက်ရဲ့လည်ပတ်နှုန်းကိုလျော့ချပေးပါတယ်။ အဲ့ချိန်မှာ အင်ဂျင်ကိုမီးမလိုက်တဲ့ပုံစံအနေအထားနဲ့ လီဘာဘယ်လောက်ဆွဲဆွဲဘီးမရုန်းထတော့ဘဲ ဘွတ်ချက်ဘွတ်ချက်နဲ့ပဲ စက်ကိုအသေသတ်တဲ့ပုံစံမဟုတ်ပဲ အန္တာရယ်ကင်းအောင် စွမ်းဆောင်ပေးတာပဲဖြစ်ပါတယ်။ 

မညီမညာဖြစ်နေတဲ့လမ်းခရီး၊ လမ်းဘယ်လောက်ကြမ်းကြမ်း slow down ဖြစ်ဖြစ်ပေါ့ အဲ့အခြေနေမှာ ဘီးကိုထိန်းနိုင်တယ်လို့ ကိုယ့်ကိုယ်ယူဆရင် အဲ့ခလုတ်ကို နှိပ်လိုက်ရင် ဘုတ်ပေါ်မှာ (T) ဆိုပြီးပေါ်နေမှာပါ။ ဘီးမောင်းနေစဉ် T ခလုတ်နှိပ်ပြီး ဘုတ်ပေါ်မှာ T ပေါ်နေရင် Traction Control က အလုပ်မလုပ်ပါဘူး။ စက်ကလည်းအရှိန်လျော့မှာမဟုတ်တော့သလို အန္တရယ်လည်းများပါတယ်။ ဒါမယ့် T အလုပ်လုပ်ပုံက ကိုယ်သုံးတတ်ရင်သုံးတတ်သလို အသုံးဝင်မယ့်နေရာမျိုးတော့ရှိပါတယ်။

ဆင်ဆာနဲ့သွားချင်တယ်ဆိုရင် အဖွင့်အပိတ်ခလုတ်ကို ချိန်ညှိလို့ရပါတယ်။ ဘီးကိုဒရစ်ဆွဲတဲ့နေရာမှာ Traction Control ကိုချိန်ညှိယူ ဘင်းလို့ရပါတယ်။ 

ဘီးကြီးတော်တော်များများမှာ Traction Control mode ကိုထည့်ထားကြပါတယ်။

Traction Control က ဘီးတစ်စီးလုံးဟန်ချက်ညီစေရန် ထိန်းပေးတဲ့စနစ်ဖြစ်ပါတယ်။

အားလုံးလေးစားလျက်ပါ~~~

Khon MG

<Zawgyi>
Honda CB/CBR 650 R

(T) ခလုတ္ဆိုတာက Traction Control ပါ







အားလုံးလေးစားလျက်ပါ~~~

Khon MG

Comments